ကိုရီးယားသင်တန်း ၅ ယာ
ကိုရီးယားသင်တန်း ၅ ယာ
အရင်အပါတ်က အ သရအကုန်သင်ပြီးပြီဖြစ်တဲ့အတွက်
ဒီအပါတ်ညမှာ ယ သရ ၄လုံးကိုသင်ပါမယ်နော်
`ယ ´သရ 1. ㅑ
အဲ့ သရလေးကို` ယာ´လို့ အသံထွက်ရပါမယ်
1.ㄱ(ဂ) + ㅑ(ယာ)= 갸(ဂယာ)
***2.ㄴ(န) + ㅑ(ယာ)= 냐(ညာ)***
3.ㄷ(ဒ) + ㅑ(ယာ)= 댜(ဒယာ)
4.ㄹ(ra) + ㅑ(ယာ)= 랴( ra raာ)
***5.ㅁ(မ) + ㅑ(ယာ )= 먀(မြာ)***
ကိုရီးယားဘာသာစကားမှာ အ သရက အသံမရှိပေမယ့်
ယ သရ ကတော့ အသံရှိပါတယ်
ဒါကြောင့် အ သရရဲ့ အသံထွက်ပုံနဲ့ ယ သရ ရဲ့ အသံထွက်ပုံက မတူပါဘူးနော်
*** ဆိုတဲ့ သင်္ကေတ လေးပါတဲ့ အသံထွက်တွေက ပုံမှန်အသံထွက်တွေနဲ့မတူပဲ သီးသန့် အသံမျိုးဖြစ်နေလို့
သေသေချာချာ မှတ်ထားပြီးထွက်ရမယ့်အသံတွေပါနော်
ဒါကြောင့် *** ပါတာလေးတွေရဲ့အသံထွက်ကိုသေချာမှတ်ပေးပါ
***6.ㅂ(ဘ) + ㅑ(ယာ)=뱌 (ဗျာ)***
***7.ㅅ(ဆ) + ㅑ(ယာ)=샤(ရှာ)***
*8.ㅇ(အ) + ㅑ(ယာ)=야(ယာ)*
9.ㅈ(ဂျ) + ㅑ(ယာ)=쟈(ဂျယာ)
10.ㅊ(ချ) + ㅑ(ယာ)= 챠(ချယာ)
11.ㅋ(ခ) + ㅑ(ယာ)=캬 (ခယာ)
12.ㅌ(ထ) + ㅑ(ယာ)= 탸(ထယာ)
***13.ㅍ(ဖ) + ㅑ(ယာ)= 퍄(ဖျာ)***
14.ㅎ(ဟ) + ㅑ(ယာ)= 햐(ဟယာ)
15.ㄲ(က) + ㅑ(ယာ)= 꺄(ကယာ)
16.ㄸ(တ) + ㅑ(ယာ)= 땨(တယာ)
***17.ㅃ(ပ) + ㅑ(ယာ)=뺘 (ပျာ)***
***18.ㅆ(စ) + ㅑ(ယာ)=쌰(သျှာ)***
19.ㅉ(ကျ) + ㅑ(ယာ)=쨔 (ကျယာ)
အခု ကျွန်မသင်တဲ့ အက္ခရာ၁၉လုံး အသံထွက်တွေထဲမှာ သတိထားရမယ့် အသံထွက်တွေက
냐= ညာ
먀=မျာ
뱌=ဗျာ
샤=ရှာ
퍄=ဖျာ
뺘=ပျာ
쌰=သျှာ
သတိထားရမယ့် အသံထွက် ၇ခုရှိပါတယ်
Comments
Post a Comment