အပိုင်း(၃၇) မှ (၆၀) အထိ
အပိုင်း(၃၇) မှ (၆၀) အထိ
Mine Lay Korea Lesson
၎ Level 1
၃၇
အားလုံးမင်္ဂလာပါရှင့်
ဒီနေ့ သင်ခန်းစာလေးကတော့
နံပါတ်ရေတွက်တာရယ်
အချိန် မိနစ် စက္ကန့်ကိုပြောတတ်ချင်သူရယ်
ပိုက်ဆံနဲ့ပက်သက်ပြီးပြောတတ်ချင်သူတွေအတွက်ပြုလုပ်ထားတဲ့ Video လေးဖြစ်ပါတယ်...
ပိုက်ဆံ ရဲ့နောက်ဆုံးမှာ အမြဲ 원 ၀မ်ထည့်ပြောပေးရတာမို့မမေ့သင့်ပါဘူး
အဲ့ဒါကြောင့်ပထမအဆင့်အနေနဲ့ ၁ကနေ ၁၀အထိ နှုတ်တိုက်ရဖို့လိုအပ်ပါတယ်...
1 일
2 이
3 삼
4 사
5 오
6 육
7 칠
8 파
9 구
10 십
11십일 .......
20 이십
21 이십일
30 삼십
31삼십일
..
..
90 구십
99 구십구
100 백ရာ
1000 천 ထောင်
10000 만သောင်း
시 နာရီ
분 မိနစ်
초 စက္ကန့်
반 ကတော့ နာရီဝက် မိနစ်၃၀ ကိုအတိုကောက်ပြောတာဖြစ်ပါတယ်
Video လေးထဲမှာတော့သေချာပြောပြပေးထားတာမို့ လေ့လာစေချင်ပါတယ်...
အားလုံးစကားပြောရာမှာ အခက်ခဲမရှိ အဆင်ပြေချောမွေ့
ကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1509774145772779&id=1451990921551102
၃၈
( 에 ..မှာ )
အားလုံးမင်္ဂလာပါရှင့်
ဒီနေ့မိတ်ဆက်ပေးချင်တဲ့ စာလုံးလေးကတော့ 에 ဆိုတဲ့စာလုံးလေးပဲဖြစ်ပါတယ်
သူ့ကိုတော့ နေရာနဲ့အမြဲတွဲသုံးသလိုနေ့တွေ အချိန်တွေနောက်မှာလည်း တွဲသုံးလို့ရကြောင်းမိတ်ဆက်ပေးထားပါတယ်ရှင့်
တနင်္လာကနေ တနင်္ဂနွေနောက်မှာလဲအမြဲကပ်ပြောပါတယ်
မနက်မှာ 아침에
နေ့လည်မှာ점심에
ညနေမှာ 저녁에
မနက်ပိုင်းမှာ오전에
ညနေပိုင်းမှာ 오후에
စနေ/ တနင်္ဂနွေပိတ်ရက်မှာ 주말에
ပိတ်ရက်ရှည်မှာ 휴가에
မနက်ဖြန်မှာ 내일에
အချိန်နောက်မှာလဲအမြဲကပ်ပြောပါတယ်..
.
.
.
အားလုံးအတွက်စကားပြောရာမှာ အများကြီးအထောက်အကူဖြစ်ပါစေနော်
https://m.facebook.com/story.php?story_fbid=1513010832115777&id=1451990921551102
၃၉
도 ( also/ လည်း)
eg.... 부엌에서 냉장고도 있어요.
မီးဖိုချောင်မှာ ရေခဲသေတ္တာလည်းရှိပါတယ်
အားလုံးမင်္ဂလာပါရှင့်
ဒီနေ့မိတ်ဆက်ပေးချင်တာကတော့
စကားပြောပုံစံဖြစ်တဲ့ (လည်း) ဆိုတဲ့ စာလုံးလေးကို စကားပြောအတွက် အဓိကမိတ်ဆက်ရင်း
တစ်ခု တစ်ကောင် တစ်ယောက် တစ်ထည် တစ်လုံး တစ်ရံ
တစ်ယောက်စာ နှစ်ယောက်စာ တစ်ပုလင်း တစ်ခွက် အစရှိသဖြင့် စကားပြောရာမှာ အသုံးဝင်အောင်လည်း
မိတ်ဆက်ပေးထားပါတယ်ရှင့်....
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1520281158055411&id=1451990921551102
၄၀
ㅆ어요...ခဲ့တယ် ( V နဲ့ တွဲသုံးရမှာဖြစ်ပါတယ်)
အားလုံးမင်္ဂလာပါရှင့်
ဒီနေ့မိတ်ဆက်ပေးချင်တာလေးကတော့ လုပ်ခဲ့တယ် သွားခဲ့တယ် စားခဲ့တယ် ခဲ့တယ် ခဲ့တယ်ဆိုတဲ့ ပြီးသွားတဲ့
အကြောင်းအရာကို ဘယ်လိုပြောမလဲ မသိသူတွေအတွက် ပေါ့နော်
စကားပြောလည်းလေ့ကျင့်ရင်း Grammar လေးလည်း
တွဲပြီးအတူတူလေ့လာကြရအောင်နော်
( ပြီးခဲ့တာကိုပြန်ပြောတဲ့အမေးအဖြေပုံစံ)
မနေ့က ဘာလုပ်ခဲ့လဲ?
어제 뭐 했어요?
ရုပ်ရှင်ကြည့်ခဲ့တယ်
영화를 봤어요.
( လက်ရှိအမေးအဖြေပုံစံ)
အခုဘာလုပ်နေလဲ?
지금 뭐 해요?
ချက်ပြုတ်နေတယ်
요리해요.
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1523803377703189&id=1451990921551102
၄၁
အားလုံးပဲ မင်္ဂလာပါရှင့်
( လိမ့်မယ် ထင်တယ်)
အသတ်ပါရင် V+을 거예요
အသတ်မပါရင်V +ㄹ 거예요
ဒီနေ့လည်း စကားပြောပုံစံသုံးလို့ရအောင် Grammar လေးရယ် စကားပြောပုံစံလေးရယ် တွဲပြီးရှင်းပြပေးထားပါတယ်ရှင့်
သူကတော့ မတိကျတဲ့အရာတခုကို ပြောတဲ့အခါသုံးတာဖြစ်ပါတယ်ရှင့်
eg....
ဖြစ်နိုင်တာက မနက်ဖြန် ရာသီဥတု ကောင်းမယ်ထင်တယ်
아마 내일 날씨가 좋을 거예요.
ဖြစ်နိုင်တာက မိုးရွာလိမ့်မယ်ထင်တယ်
아마 비가 올 거예요.
နောက်တခုကိုတော့ စကားပြောပုံစံရယ် မရေမရာပြောတဲ့ပုံစံလေးရယ် ရှင်းပြပေးထားပါတယ်ရှင့်....
ကုန်တိုက် အ၀တ်စားတွေကဈေးကြီးတယ်
백화점 옷이 비싸요.
ဖြစ်နိုင်တာက ကုန်တိုက် အ၀တ်စားတွေဈေးကြီးမယ်ထင်တယ်
아마 백화점 옷이 비쌀 거예요.
ပိတ်ရက်မှာတော့ ပန်းခြံမှာ လူတွေအရမ်းများတယ်
주말에는 공원에 사람이 많아요.
ပိတ်ရက်မှာတော့ ပန်းခြံမှာ လူတွေအရမ်းများမယ်ထင်တယ်
주말에는 공원에 사람이 많을 거예요.
အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေရှင့်...
https://m.facebook.com/story.php?story_fbid=1526628067420720&id=1451990921551102
၄၂
အားလုံးမင်္ဂလာပါရှင့်
V+ 고 싶어요 (ချင်တယ်)
ဲဒီနေ့Grammar လေးကတော့ စကားပြောလေးဖြစ်တဲ့
လုပ်ချင်တယ် သွားချင်တယ် စားချင်တယ် အိပ်ချင်တယ်ဝယ်ချင်တယ် အစရှိသဖြင့်ပေါ့နော် အမြဲတမ်းစကားပြောတိုင်းပြောတတ်တဲ့ စကားကို koreaလိုကော ဘယ်လိုပြောရလဲ သိအောင် စကားပြောအတိုလေးတွေ ရှင်းပြပေးထားပါတယ်ရှင့်
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1528974547186072&id=1451990921551102
၄၃
보다 ...ထက်( ပိုပြီး)
အားလုံးမင်္ဂလာပါရှင့်
ဒီနေ့သင်ခန်းစာလေးကိုတော့ စကားပြောလည်းလေ့ကျင့်ရင်း grammar လေးပါလေ့လာကြရအောင်နော်..
စကားပြောရင် အမြဲတမ်းထည့်ပြောလေ့ရှိတဲ့ "ထက်" ဆိုတာကို လူတိုင်းသိပြီးသားဖြစ်မှာပါ...သူကတော့ တခုနဲ့တခု ယှဉ်ပြောရာမှာ အမြဲသုံးလေ့ရှိပါတယ်..
လေ့ကျင့်ခန်း...
မြေအောင်ရထားကတော့ ဘတ်စ်ကားထက် သက်သောင့်သက်သာဖြစ်တယ်
지하철은 버스보다 편리해요.
မင်ဟိုကတော့ ညီမလေးထက် အရပ်မြင့်တယ်
민호는 여동생보다 키가 커요.
ပန်းသီးကတော့ ဖရဲသီးထက် သေးတယ်
사과는 수박보다 작아요.
အားလုံးအစစအရာရာအဆင်ပြေချောမွေ့ကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1540135419403318&id=1451990921551102
၄၄
အားလုံးမင်္ဂလာပါရှင့်
ဒီနေ့ကတော့ စကားပြောရင် ㅡ ဆိုတဲ့သရကို တွေ့တဲ့အခါ စကားပြောအဖြစ် ပြောင်းတဲ့အခါ မပြောင်းတတ်တဲ့ လူတွေအတွက်ရှင်းပြပေးထားတဲ့ VIDEO လေးပေါ့နော်..
လောလောဆယ်တော့ ㅡ နဲ့ပက်သက်တဲ့ စကားလုံး၆လုံးကို
သေချာရှင်းပြပေးထားပါတယ်ရှင့် ...
နောက်ဆိုစကားပြောမမှားအောင် သေချာပြောလို့ရပြီနော်
ဒါဆို VIDEO လေးကြည့်ရင်း အောက်မှာရေးပေးထားတဲ့
လေ့ကျင့်ခန်းလေးပါ ယှဉ်တွဲပြီးလေ့ကျင့်ကြရအောင်..
လေ့ကျင့်ခန်း..
바쁘다 .. 바빠요 အလုပ်များတယ်
나쁘다 .. 나빠요 ဆိုးတယ်
고프다 .. 고파요 လိုချင်တယ်
예쁘다 .. 예뻐요 လှတယ်
기쁘다 .. 기뻐요 ၀မ်းသာပီတိတယ်
크다 .. 커요 ကြီးတယ်
အားလုံး အစစအရာရာအဆင်ပြေချောမွေ့ကြပါစေရှင့်
မှတ်ချက်...ပြင်ဖတ်ပေးပါရန်
기쁘다 .. 기뻐요 ၀မ်းသာ၊ပီတိဖြစ်တယ်
https://m.facebook.com/story.php?story_fbid=1540883562661837&id=1451990921551102
၄၅
အားလုံးမင်္ဂလာပါရှင့်
ညီမဒီနေ့စကားပြောနဲ့ပက်သက်ပြီး "က" ဆိုတဲ့စကားလုံးလေးကို ရှင်းပြချင်ပါတယ်ရှင့် ..
များသောအားဖြင့် (이/ 가" က")ဆိုတဲ့စကားလုံးလေးကို လူတိုင်းသိပြီးသားပေါ့နော် လူကြီးတွေ ဒါမှမဟုတ် ကိုယ်နဲ့မရင်းနှီးသေးတဲ့သူတွေကို ယဉ်ကျေးစွာသုံးမယ်ဆိုရင်တော့ (께서."က") ဆိုတဲ့စကားလုံးကို အသုံးပြုပေးရမှာဖြစ်ပါတယ်..
စကားပြောမှာ Grammar ကိုလဲ လေ့လာဖို့အရေးကြီးသလို အသုံးပြုတတ် ဖို့လည်းအရေးကြီးပါတယ်
ညီမက ဒီနေ့စကားပြောကို ၂ပိုင်းခွဲပြီးရှင်းပြချင်ပါတယ်..
No1.
이/가 က
(ပါတယ်/ နေပါတယ်)
습니다 အသတ်ပါရင်
ㅂ니다 အသတ်မပါရင်
지수가 학교에 갑니다.
ဂျီဆူက ကျောင်းကို သွားပါတယ်
홍안이 책을 읽습니다.
ဟုန်အန်က စာအုပ်ကို ဖတ်နေပါတယ်
No.2
( လူကြီးသုံး) 께서 က
( ပါတယ်/နေပါတယ်)
십니다အသတ်မပါရင်
으십니다အသတ်ပါရင်
어머니께서 은행에 가십니다.
အမေက ဘဏ်ကို သွားပါတယ်
아버지께서 신문을 읽으십니다.
အဖေက သတင်းစာကိုဖတ်နေပါတယ်
အားလုံးအစစအရာရာအဆင်ပြေပါစေရှင့်
https://m.facebook.com/story.php?story_fbid=1542058565877670&id=1451990921551102
၄၆
세요/ 으세요
အားလုံးမင်္ဂလာပါရှင့်...
ဒီတစ်ခါတော့ လူကြီးတွေကို စကားပြောရာမှာ ယဉ်ကျေးစွာ သုံးရမယ့် အသုံးအနှုန်းဖြစ်တဲ့ (세요/ 으세요)ဆိုတဲ့စကားလေးကိုမိတ်ဆက်ပေးပါရစေနော်
အသတ်ပါရင် 으세요
အသတ်မပါရင် 세요 ကိုသုံးပေးရမှာပါ
စကားပြောအရဆိုရင်တော့ အဓိပ္ပာယ်က "ပါ/ ပါသလဲ"
ပေါ့နော်
ဘာကိုရှာနေပါသလဲ/ ဘာကိုကြိုက်ပါသလဲ/ ဘာကိုလုပ်နေပါသလဲ
စတဲ့မေးခွန်းမျိုးတွေကို ယဉ်ကျေးစွာသုံးမယ်ဆို လက်တွေ့အသုံးဝင်မှာပါရှင့်...
https://m.facebook.com/story.php?story_fbid=1544095065674020&id=1451990921551102
၄၇
အသတ်ပါရင် V + 을까요?
အသတ်မပါရင် V + ㄹ까요?
အားလုံးမင်္ဂလာပါရှင်
ညီမက ဒီနေ့လည်း စကားပြောနဲ့ Grammar လေးကိုတွဲရှင်းပြပေးထားပါတယ်ရှင့်
အဓိပ္ပာယ်ကတော့ " ကြမလား?" ပေါ့နော်
သွားကြမလား?
လာကြမလား?
လုပ်ကြမလား?
ကြည့်ကြမလား?
အစရှိတဲ့ မလားမလား ဆိုတဲ့ အမေးတွေကို ပြောချင်သူတွေအတွက် video လေးမှာစာရှင်းပြပေးထားပါတယ်ရှင့်...
အားလုံး အဆင်ပြေချောမွေ့ကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1545773638839496&id=1451990921551102
၄၈
အားလုံးမင်္ဂလာပါရှင့်
ကြစို့/ ကြရအောင်/ ကြတာပေါ့
읍시다 အသတ်ပါရင်
ㅂ시다 အသတ်မပါရင်
စကားပြောတတ်ချင်ရင် မဖြစ်မနေGrammar လေ့လာရပါမယ်ရှင့်
အခုတင်ပေးထားတဲ့video လေးကတော့
သွားကြရအောင်
သွားကြစို့
သွားကြတာပေါ့...အစရှိတဲ့ ကိုယ် လုပ်ချင်သမျှ ပြောတတ်အောင် ရှင်းပြပေးထားတဲ့ video လေးပါရှင့်
https://m.facebook.com/story.php?story_fbid=1547076942042499&id=1451990921551102
၄၉
မင်္ဂလာပါရှင့်
အမေးဆို " မှာလဲဟင်?"
အဖြေဆို " မှာပါ"
을 거예요?အသတ်ပါရင်
ㄹ 거예요.အသတ်မပါရင်
စကားပြောတတ်ချင်သူတွေအတွက် အမေးရောအဖြေပါ တခါတည်းရစေမယ့် grammar လေးကို ရှင်းပြပေးထားပါတယ်ရှင့်
https://m.facebook.com/story.php?story_fbid=1548380028578857&id=1451990921551102
၅၀
အားလုံးမင်္ဂလာပါရှင့်
Only ပဲ
N+ 만
စကားပြောရင် အမြဲပြောနေကြ စကားဖြစ်တဲ့ "ဘဲ " ဆိုတဲ့ စကားလေးကို korea လိုပြောချင်လို့ အခက်တွေ့နေသူတွေ
အလွယ်တကူပြောတတ်အောင်ရှင်းပြပေးထားတဲ့ video လေးပါရှင့်
ဥပမာ
ငါ့မှာ ဘောပင်ပဲရှိတယ်
စက်ဘီးပဲရှိတယ်
ထီးတချောင်းပဲရှိတယ်
အားလုံးအဆင်ပြေချောမွေ့ကြပါစေရှင့်
https://m.facebook.com/story.php?story_fbid=1550072458409614&id=1451990921551102
၅၁
အားလုံးမင်္ဂလာပါရှင့်
( ပြီး )
ဆက်စပ်မှုမရှိတဲ့ အလုပ်၂ခု V+ 고
ဆက်စပ်မှုရှိတဲ့ အလုပ်၂ခု V +서
စကားပြောမှာ 고/ 서 ကို မကွဲပြားဘဲ သေချာပြောတတ်ချင်သူများ အတွက်သာရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်ရှင့်
https://m.facebook.com/story.php?story_fbid=1551103764973150&id=1451990921551102
၅၂
အားလုံးမင်္ဂလာပါရှင့်
N + 이지요? အသတ်ပါရင်
N + 지요? အသတ်မပါရင်
စကားပြောရင် "ဟုတ်တယ်မဟုတ်လား?"
" ဟုတ်တယ်မှတ်လား?"
ဆိုပြီး ပြောတတ်ကြတယ်ပေါ့နော်
ခုVideo လေးကတော့ အဲ့လိုပြန်မေးတာကို မပြောတတ်သူများအတွက် ရည်ရွယ်ပြီး တင်ပေးခြင်း ဖြစ်ပါတယ်ရှင့်
https://m.facebook.com/story.php?story_fbid=1553185791431614&id=1451990921551102
၅၃
အားလုံးမင်္ဂလာပါရှင့်
V+러 အသတ်မပါ ( ဖို့)
V+으러 အသတ်ပါရင်
စကားပြောရင် အမြဲသုံးလေ့ရှိတဲ့
ဈေးဝယ်ဖို့သွားတယ်
ကျောင်းတက်ဖို့သွားတယ်
ထမင်းစားဖို့သွားတယ်
အစရှိသဖြင့်ပေါ့နော် " ဖို့ " ဆိုတဲ့စကားလေးကို မပြောတတ်တဲ့သူများကို ပြောတတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရှင်းပြပေးထားပါတယ်ရှင့်...
https://m.facebook.com/story.php?story_fbid=1553950211355172&id=1451990921551102
၅၄
အားလုံးမင်္ဂလာပါရှင့်
(သို့မဟုတ်)
이나 အသတ်ပါရင်
나 အသတ်မပါရင်
စကားပြောမှာ မပါမဖြစ် သို့မဟုတ်တို့ ဒါမှမဟုတ်တို့ ပြောလေ့ရှိတာကို Koreaလိုမပြောတတ်သူများကိုသာ ရည်ရွယ်ပြီး စကားပြောvideo ဖန်တီးထားပေးပါတယ်ရှင့်
https://m.facebook.com/story.php?story_fbid=1555109681239225&id=1451990921551102
၅၅
အားလုံးမင်္ဂလာပါရှင့်
မ...ပါနဲ့
V+지 마세요.
စကားပြောတဲ့အခါမှာ
မလုပ်ပါနဲ့
မသွားပါနဲ့
မလာပါနဲ့
အစရှိသဖြင့်ပေါ့နော် အငြင်းပုံစံလေးတွေကို korea လိုပြောတတ်ချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်ရှင့်...
https://m.facebook.com/story.php?story_fbid=1555831194500407&id=1451990921551102
၅၆
အားလုံးမင်္ဂလာပါရှင့်
ဆီကို/ ဆီသို့
N + 에게 သာမာန်အပြောသုံး
N + 께 ယဉ်ကျေးသောအသုံး
Example
난 너에게 하고 싶은 말이 있어
ငါ မင်းကို ပြောစရာ စကားရှိတယ်
딸에게 선물을 줬어요
သမီးကို လက်ဆောင်ပေးခဲ့တယ်
아들에게 자전거를 사줬어요
သားကို စက်ဘီးဝယ်ပေးခဲ့တယ်
우리에게 말해주세요
ကျနော်တို့ကို ပြောပြပေးပါ
부모님께 허락 받아요.
မိဘတွေဆီက ခွင့်ပြုချက်ယူတယ်
아버지께 말씀 드렸어요.
အဖေ့ဆီ ပြောပြခဲ့ပါတယ်
어머니께 좋은 선물을 해드리고 싶어요.
အမေ့ကို လက်ဆောင်ကောင်း ပေးချင်ပါတယ်
https://m.facebook.com/story.php?story_fbid=1556869294396597&id=1451990921551102
၅၇
အားလုံးမင်္ဂလာပါရှင့်
ကြောင့်/ လို့
V+ 으니까 အသတ်ပါရင်
V+ 니까 အသတ်မပါရင်
https://m.facebook.com/story.php?story_fbid=1557695177647342&id=1451990921551102
၅၈
အားလုံးမင်္ဂလာပါရှင့်
ပေးပါ
V+ 주세요
ညီမတို့စကားပြောတဲ့အခါမှာ
ဒီဟာပေးပါ
ဟိုဟာပေးပါ
တခုခုလုပ်တိုင်းပြောတိုင်း "ပေးပါ"ဆိုတာကို မပြောတတ်သူများအတွက်သာ ရည်ရွယ်ပြီး Video လေးဖန်တီးပေးထားပါတယ်ရှင့်
https://m.facebook.com/story.php?story_fbid=1558730877543772&id=1451990921551102
၅၉
အားလုံးမင်္ဂလာပါရှင့်
ကနေ....အထိ( နေရာသုံး)
에서.....까지
ကနေ......အထိ(အချိန်သုံး)
부터.......까지
စကားပြောတတ်လိုသူများအတွက် အရမ်းအရေးကြီးတဲ့ Video လေးပါရှင့်
https://m.facebook.com/story.php?story_fbid=1559657594117767&id=1451990921551102
၆၀
Level 1 အတွက်lessons တွေတင်ပေးတာ
ကုန်သွားပါပြီရှင့်
နောက်လမှာ level 2lessons လေးတွေထပ်တင်ပေးသွားပါမယ်နော်
video တင်တိုင်းအမြဲကြည့်ပြီး like ပေးသူShare ပေးသူ
တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်..
ညီမကတော့ နောက်လမှာ level 2စတက်မှာမို့ ကျောင်းမှာသင်တဲ့ သင်ခန်းစာလေးတွေကို ကုသိုလ်ဖြစ်ပြန်လည်
သင်ကြားပေးမှာပါရှင့်
အသစ်တင်တဲ့video လေးတွေကိုလဲ like & share လေးတွေ လုပ်ရင်းအားပေးပါအုံးနော်
အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင့်
https://m.facebook.com/story.php?story_fbid=1559677024115824&id=1451990921551102
တဆင့်ဖြန့်ဝေသူ
တက္ကသိုလ်စာသင်သား
Comments
Post a Comment